Print

အမျိုးသမီးတွေက အရေးအကြောင်း ဖြစ်လွယ်တာလား

  30-Oct-2016
Preview Image

ဇီဝဗေဒဆိုင်ရာလေ့လာချက်အသစ်များအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် အရေပြားပိုတွန့်လွယ်တယ် လို့ သိရှိခဲ့ကြပါတယ်။

နယ်သာလန်နိုင်ငံရဲ့ သုတေသနပြုချက်တွေအရ

(က) အမျိုးသမီးတွေရဲ့ ပါးစပ်ဘေးနားတွေမှာ ချွှေးနဲ့ အဆီဂလင်းရှိနေမှုဟာ အမျိုးသားတွေထက် ပိုမိုနည်းပါးးတယ်။

(ခ) ဒီလိုပဲ ပါးစပ်ဘေးမှာ အမျိုးသားတွေလောက် သွေးကြောမျှင်တွေ မရှိတာ။

(ဂ) ဒါ့အပြင် အမျိုးသမီးတွေရဲ့ နှုတ်ခမ်းတစ်ဝိုက်က ကြွက်သားမျှင်တွေဟာ အရေပြားအလယ်လွှာကို အတွင်းပိုင်းသို့ ဆွဲဆန့်စေပြီး အရေးကြောင်းထင်တာ စတာတွေ တွေ့ရှိခဲ့ကြပါတယ်။

ဒီလိုအရေးအကြောင်းထင်တာ သက်သာစေမယ့်နည်းတွေကတော့

၁။ အားပါးတရ ရယ်မောတာမျိုးက မျက်နှာပြင်ရှိအကြောနှင့် အသားစိုင်များကို ပြေလျှော့တာမြန်ဆန်တဲ့အတွက် ထိရောက်မှု နည်းပါးပါတယ်။

၂။ တစ်စုံတစ်ရာကို ကြိတ်ဝါးသည့် ပုံစံမိနစ်အနည်းငယ်လောက် ပြုလုပ်ပေးခြင်းက နဖူး၊ မျက်လုံးနဲ့ ပါးစပ်အနားက ကြွက်သားတွေကို တင်းရင်းစေပါတယ်။

၃။ ပြီးတဲ့အခါ အဲဒါရဲ့ ဆန့်ကျင်ဘက် ဖြစ်ရအောင်ပါးစပ်ကိုကျယ်နိုင်သမျှ ကျယ်ကျယ်ဟပေးပြီး မျက်လုံးကိုလည်း တတ်နိုင်သလောက် ပြူးကျယ်ထားပေးပါ။

၄။ တဖန် ပါးစပ်ကိုပြန့်စေပြီးနှုတ်ခမ်းကို စူကာနှုတ်ခမ်းသားကို ဘယ်ညာပြောင်းရွေ့ ကာ ပြုလုပ်ပေးပါ။

၅။ ပြီးတဲ့အခါ သွားပေါ်အောင်ပြုံ့ပြီး မျက်လုံးကိုပါ ပြူးကျယ်ထားပါ။

၆။ နောက်တစ်နည်းကတော့ သွားပေါ်အောင် တဖန်ပြန်ပြီးပြံုးပါ။ ဒီတစ်ခေါက်မှာတော့ အရင်ပြုံးတာနဲ့ မတူစေရန်အတွက် မေးစေ့ရှိ ကြွက်သားများကိုပါ ပင့်၍ ပြုံးပေးပါ။ ဒီလို ပြုလုပ်ပေးခြင်းက လည်ပင်းမှာရှိတဲ့ ကြွက်သားတွေကို တင်းရင်းစေပါလိမ့်မယ်။

Healthcare.com.mm

Ref:

Health for all magazine

 



Related Articles


Advertisment 18